ဈေးဆိုင်ပြင်ဆင်နည်းလမ်းညွှန်
2015-04-25 15:59
SOHO Mall မှာ ဈေးဆိုင် ဖွင့်ခွင့်ရရှိထားပြီဆိုရင် ဈေးရောင်းနိုင်ဖို့အတွက် ပထမဆုံးလုပ်ဆောင်ရမယ့် အလုပ်ကတော့ မိမိဈေးဆိုင်ခန်းကို ပြင်ဆင်ခြင်းလုပ်ငန်းပဲဖြစ်ပါတယ်။
ဈေးဆိုင်ပြင်ဆင်ခြင်းမှာ အဓိက အဆင့် (၃)ဆင့်ကို မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
အဲ့ဒါတွေကတော့ -
(၁) Logo Image နဲ့ Banner Image တို့ကို ထည့်သွင်းခြင်း။
(၂) Payment Method ဖြည့်သွင်းခြင်း။
(၃) Shipping Method ဖြည့်သွင်ခြင်း။
တို့ပဲဖြစ်ပါတယ်။
၎င်းတို့ကို လုပ်ဆောင်ဖို့အတွက် မိမိအကောင့်အတွင်း Sign in ဝင်ရောက်ပြီး Member Center သို့သွားပါ။
(၁) Logo Image & Banner Image ထည့်သွင်းခြင်း။
ပထမဆုံး Store Setting တွင် ကလစ်နှိပ်ပါ။
Logo Image နှင့် Banner Image တို့ကို တင်ရန်အတွက် ကြိုတင်ပြုလုပ်ထားရမည်ဖြစ်ပါသည်။ Logo Image ၏ အရွယ်အစားမှာ 100 x 100 pixels ဖြစ်ပြီး Banner Image ၏ အရွယ်အစားမှာ 1000 x 120 pixels ဖြစ်ပါသည်။
(၂) Payment Method ဖြည့်သွင်းခြင်း။
Payment Method ဖြည့်သွင်းဖို့အတွက် ပုံတွင်ပြထားသည့်အတိုင်း Payment method အားကလစ်နှိပ်။ ပြီးနောက် Cash on Delivery အား Install ပြုလုပ်ပေးပါ။
အောက်ပါပုံသည် Payment method ဖြည့်သွင်းပုံ နမူနာပုံစံဖြစ်ပါသည်။
(၃) Shipping Method ဖြည့်သွင်းခြင်း။
Shipping method ဖြည့်သွင်းဖို့အတွက် Shipping method နေရာတွင် ကလစ်နှိပ်ပါ။
အောက်ပါပုံသည် Shipping method ဖြည့်သွင်းပုံ နမူနာဖြစ်ပါသည်။
(၄) မိမိ၏ အွန်လိုင်းဈေးဆိုင်အား လွယ်ကူစွာဖြင့် ပြင်ဆင်ခြင်းလုပ်ငန်းအောင်မြင်စွာ ပြီးဆုံးပြီဖြစ်ပါသည်။
ဈေးဆိုင်ဖွင့်ပြင်ဆင်ခြင်းလုပ်ငန်း ပြီးစီးပြီ ဖြစ်သဖြင့် ကုန်ပစ္စည်းများ ပို့တင်ရောင်းချခြင်းအား ဈေးရောင်းနည်းလမ်းညွှန် နေရာတွင် ကြည့်ရှု့လေ့လာနိုင်ပါသည်။